အရှင်စန္ဒိမာ (မွန်စိန်တောရ) နိုင်ငံရေးကျူးကျော်မှု နိုဝင်ဘာ ၆၊ ၂၀၁၄ တသတ်တာ သိမှီမှတ်မိသလောက် မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးအာဏာကို ရယူခဲ့ကြသူတွေရဲ့ လုပ်နည်းလုပ်ဟန်တွေမှာ လိမ်ညာမှုတွေနဲ့ ညစ်ပတ်ယုတ်မာရက်စက်မှုပေါင်းများစွာကို တွေ့ခဲ့ရတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်မှု၊ ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုမှု၊ ၂၀၁၀ ရွေးကောက်ပွဲရဲ့ သန့ှ်ရှင်းရိုးဖြောင့်ခြင်း ကင်းမဲ့မှုတွေဟာ စစ်အစိုးရရဲ့ အကြီးမားဆုံး လိမ်ညာမှုသမိုင်းအမဲစက်တွေထဲမှ သာဓကတချို့ပါ။ ၁၉၈၈နဲ့ ၂၀၀၇ အရေးအခင်းတွေကို အကြမ်းဖက်ဖြိုခွင်းမှု၊ ၂၀၀၃ ဒီပဲယင်းလူသတ်မှု၊ ထိုအရေးအခင်းတွေရဲ့ နောက်ဆက်တွဲ မတရားပုဒ်မတွေတပ်ပြီး ဖမ်းဆီးနှိပ်စက်ညှင်းဆဲသတ်ဖြတ်မှုတွေဟာ အကြီးမားဆုံး ကမ္ဘာသိ ယုတ်မာရက်စက်မှုတွေပဲ ဖြစ်ပါတယ်။ ဒီလို လိမ်ညာမှု ယုတ်မာရက်စက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့ကြပေမယ့် စစ်အာဏာရှင်တွေဟာ သူတို့ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေအတွက် ပြည်သူကို ဝန်ချတောင်းပန်မှု လုံးဝမလုပ်ခဲ့ကြယုံမက ပြည်တွင်းမှာရော နိုင်ငံတကာစင်မြင့်မှာပါ […]
Read more of this post
No comments:
Post a Comment