စံလှကြီး - လူတပိုင်း ဘီလူးတပိုင်းတို့ရဲ့ ရာဇဝင်နှင့် သွေးမစွန်းသော ရာဇပလ္လင်(၁) (မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၁၄   လွန်ခဲ့သော နှစ်အတော်ကြာက(၁၉၉၄ ခုနှစ်လောက်က) ကျနော် အင်္ဂလိပ်စာ လေ့လာမည် ဆိုသော ရည်ရွယ်ချက်ဖြင့် သင်တန်းသွားတက်ရာ သင်တန်းဆရာမှာ အသင်ကောင်းသလို ဟာသဥာဏ်လည်း ရွှင်သည်။ အမြဲတမ်း ရယ်စရာ ပြောနေတာလည်း မဟုတ်ပဲနဲ့ ကြုံရင် ကြုံသလို ပြောလိုက်သည့် ဟာသလေးတွေက ရယ်ရသလို ပညာလည်းပါသည်။ သူက ၉ တန်း ၁၀ တန်းကျောင်းသားတွေကို အင်္ဂလိပ်စာ သင်သလို ၁၀တန်း အောင်ပြီးသားလူတွေ တက္ကသိုလ်တက်နေဆဲ ကျောင်းသားတွေ လေ့လာလိုသူတွေကိုလည်း စကားပြောတွေ သဒ္ဒါသင်တန်းတွေ ဖွင့်ပြီး သင်ပေးသည့် ဆရာဖြစ်သည်။ အစိုးရ ဝန်ထမ်းတော့ မဟုတ်။  […]

Read more of this post