ကျော်ဟုန်း - ခွပ်ဒေါင်းတွန်သံ စတုတ္ထလှိုင်း (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၄ ဗိုလ်အောင်ကျော်ကို တိုင်တည် အဘိုးမှိုင်းထံ သစ္စာပြု ခေတ်အဆက်ဆက် အာဇာနည်တွေနဲ့ တသားတည်း ရဲရဲစွေးနီတဲ့ မျိုးဆက်သစ်ခွပ်ဒေါင်းတွေ…။ သူတို့ အတက်တွေ လေမှာဝဲ သူတို့ တွန်သံ ညံမစဲ ကျွန်ပညာရေး ဆန့် ကျင်နွှဲ။ ဘွဲ့ ရပြီး အိမ်မှာ အလှချိတ်ထားတဲ့ပုံနဲ့  နိုင်ငံတကာမှာ ပန်းကန်ဆေးရတဲ့ ပညာရေး (ဒို့  - အလိုမရှိဘူး) တိုင်းရင်းသားဒေသတွေမှာ စစ်တဘုံးဘုံး ကျဲပြီး ပညာမသင် မနေရ ခေတ်ကြီးမှာ ကလေးတွေ အမှိုက်ကောက်နေရတာ (ဒို့ - အလိုမရှိဘူး) ကျောင်းတွေ ဆောက်ပေးတယ်ဆိုပြီး ကျောင်းဆရာ ဟောင်းလောင်း၊ ကျောင်းစာအုပ် ဟောင်းလောင်းနဲ […]

Read more of this post