ခိုင်မာကျော်ဇော - နော်ရှာခု (ဖီးစံလင်း) ကျမတို့ ဘ၀တွေကို တော်လှန်ရေးကပိုင်တယ် (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄ မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံ တနိုင်ငံဖြစ်ပါတယ်၊ တိုင်းရင်းသားလို့  ပြောလိုက်တယ်ဆိုရင်ဘဲ စာဖတ်သူတွေရဲ‹ မျက်စိထဲမှာ ရိုးသား ပွင့်လင်းပြီး စိတ်နေသဘောထားဖြူစင် ခင် မင်နှစ်လိုဖွယ်ရာကောင်းတဲ့ တောင်ပေါ်ကျေးလက်နေ တိုင်းရင်းသားမျိုးနွယ်စု တစုစုကို မျက်စိထဲမှာ ပုံဖော်မိကြမှာပါပဲ၊ ကျမကတော့ တိုင်းရင်းသားတွေလို့  ပြောလိုက်ရင် သူတို့ နဲ့  ဆက်နွယ်နေတဲ့ သဘာဝပတ်ဝန်းကျင်၊ တောတောင်ရေမြေကို အရင်ဆုံးပုံ ဖော်မိပါတယ်၊ မှိုင်းညို့ညို့ တောင်တန်းကြီးတွေနဲ့  မီးခိုးတလူလူ တောင်ယာတဲများ။ စိမ်းလဲ့ပြီး ကွေ့ ကာဝိုက်ကာ စီးဆင်းနေတဲ့ စမ်းချောင်းငယ်များ။ […]

Read more of this post