ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - နိုင်ငံရေး ၀တ္ထုရေးဆရာ၏ တာဝန်များ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၄ နိုင်ငံရေးဝတ္ထုကိုရေးသားသော စာရေးဆရာသည် နိုင်ငံရေးသိပ္ပံကို သိရုံသာမက ၀တ္ထုရေးဆရာလဲ ဖြစ်ရန်လိုသည်။ ၀တ္ထုရေးဆရာသည်ဖြစ်ခြင်းသည် ပို၍ပင်အရေးကြီးပါသည်။ ၀တ္ထုတစ်ခုဖြစ်လာစေရန်၊ လူ၏အကျင့်၊ အပြုအမူ၊ ခံစားမှုများကိုဖော်ထုတ်နိုင်ရမည်။ ၎င်းဖြစ်လူအချင်းချင်းနှင့်လူတစ်ဦးတည်း၏ စိတ် ထဲတွင် ဖြစ်ပေါ်သော အတွင်းပဋိပက္ခများကိုလည်း ဖော်ထုတ်နိုင်စွမ်းရှိရမည်။ ၀တ္ထုဟူသည် စိတ်၏ခံစား ချက်များနှင့် အဖြစ်အပျက်အတွေ့အကြုံများကို ကောင်းစွာဖော်ထုတ်နိုင်ရမည်။ ၀တ္ထုထဲတွင် အာရုံငါးပါးနှင့် တွေ့ထိနိုင်သောအရာများ ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးပါဝင်ရမည် ဖြစ်သည်။ နိုင်ငံရေးဝတ္ထုထဲတွင် ပါဝင်ရမည်မှာ ideology ခေါ်ဝါဒ၊ အယူအဆ၊ အဖြစ်သဘောတရား၊ အတွေး အခေါ်များဖြစ်သည်။ ဤနေရာတွင် ၀တ္ထုတွင်တင်ပြသောအဖြစ်အပျက်များဖြစ်သော ရုပ်ပိုင်းဆိုင်ရာနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်၊ ပဋိပက္ခဖြစ်နိုင် […]
Read more of this post
No comments:
Post a Comment