ရဲရင့်သက်ဇွဲ  - ငါ့ရဲ့ ညထဲမှာ ငါ့ကိုထားခဲ့ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၄ ည လကို အန်ချလိုက်တယ် နှင်းတွေထဲ ပိုးစိုးပက်စက် လရဲ့ အရိပ်နဲ့ အရောင်များ ညအမှောင်မှာ တောက်ပ ကိုယ့်အတွက်တော့ သတ်ပုံမှားတဲ့ည …… အရိပ်နဲ့ အရောင်များ ဖမ်းမရဘူး အရိပ်နဲ့ အရောင်များ ရှာမရဘူး အရိပ်နဲ့ အရောင်များ ရှာမရဘူး အရိပ်နဲ့ အရောင်များ ရှာမရဘူး ညဟာ အရိပ်မဲ့ အရောင်မဲ့သယောင်နဲ့  လွမ်းအောင်ဖန်နေတော့တယ် …… အဝေးက အူသံများကြားရ အဝေးက လူသံများကြားရ ငါဟာ … ငါ့အသက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင် ဟောဒီငါချစ်တဲ့ မြေပေါ်မှာ သစ္စာရှိစွာ နေထိုင်ခဲ့တယ် ညကတော့ ခိုလှုံစရာ ရှာမတွေ့ ဘူး […]

Read more of this post