သီရိဘုန်းစံ - အမြင်ရှင်းရှင်း ရင်တွင်းငြိမ်းစေ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၄ ၃ မိနစ်တစ်စီး ဆိုက်နေကျ Local train က တစ်စီးပျောက်လိုက်တာနဲ့ ဘူတာစင်္ကြန်မှာ လူတွေကြိတ်ကြိတ် တိုး ပြည့်နှက်သွားတယ်။ မိမိလည်း ကြိတ်ကြိတ်တိုးနေကြတဲ့ခရီးသွားထဲမှာ တစ်ဦးအပါအဝင်ပေါ့။   အိန္ဒိယနိုင်ငံ ဘုံဘေတက္ကသိုလ်မှာ Ph.D စာတမ်းပြုနေစဉ်အတွင်း မြို့ထဲမှာရှိတဲ့ စာကြည့်တိုက်တွေကို နေ့စဉ်နေ့တိုင်း ရထားစီးပြီးသွားရတယ်။ ကိုယ်သွားတဲ့အချိန်က နံနက်ခင်း အများပြည်သူ အလုပ်သွား ရုံးသွားတဲ့ အချိန်နဲ့ အတူတူပဲဆိုတော့ ရထားကြပ်တဲ့အတွေ့အကြုံက ရိုးအီနေပြီ။ ဘူတာရုံထဲရောက်ရင် ရနေတတ်တဲ့ အောက်သိုးသိုး ညှီစို့စို့အနံ့တွေ၊ စည်းပျက်ကမ်းပျက် ထွေးထားတဲ့ ချွဲ တွေနှပ်တွေ၊ ပရမ်းပတာပစ်ထားတဲ့ အမှိုက်တွေ၊ အော်ဟစ်ဆဲဆို ငိုယိုနေကြတဲ့အသံတွေ၊ ပြေးလွှားတွန်းတိုက် တိုးဝှေ့ ဆင်းတက်ကြရင်း လဲပြိုကွဲပြဲကြတာတွေက မိမိအတွက် […]

Read more of this post