ဒေါက်တာခင်မောင်ဝင်း - ဂျပ်ဒါရီဒါ (Jacquer Derrida, 1930-2004) "ကွဲပြားခြားနားခြင်း" သဘောတရားကို လေ့လာသုံးသပ်သူ (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၄ ဂျပ်ဒါရီဒါသည် ယခုခေတ်တွင် ဆန်းသစ်သောအတွေးအခေါ် ငါးခုထဲမှ တစ်ခုဖြစ်သော (ကွဲပြားခြားနားခြင်း) - (ကွာခြားခြင်း) (difference) သဘောတရားကို လေ့လာသုံးသပ်သောပညာရှင်ဖြစ်သည်။ ထိုငါးခုထဲမှ အခြားလေးခုမှ လူ့အခွင့်အရေး၊ အကြမ်းမဖက်သောနည်းဖြင့် အာဏာဖီဆန်ခြင်း၊ အကြမ်းဖက်ဝါဒနှင့် ဓားစာခံဖြစ်ခြင်း (human rights, civil disobedience, terrorism, victimhood) တို့ဖြစ်သည်။ ၄င်းတို့အကြောင်းကို ရနံ့သစ်မဂ္ဂဇင်း အမှတ် (၃၀)တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။ ဂျပ်ဒါရီဒါအကြောင်းကို ပြောရမည်ဆိုလျှင် သူသည်အဲ(လ)ဂျီးယား (Algiers) နိုင်ငံသားတစ်ဦး ဖြစ်ပြီး 1949 တွင် ပြင်သစ်နိုင်ငံသို့ သွားရောက်၍ ဒဿနမဟာဘွဲ့စာတမ်းကို ရေးသားခဲ့သည်။ […]
Read more of this post
No comments:
Post a Comment