ဖိုးထက် - မတည့်လို့ အကုန်မသတ်ပစ်နဲ့ (မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၄ စာအုပ်အဟောင်း အရောင်းပြပွဲတခုမှ ဆရာကြီးတင်မိုး၏ "ထီးကလေးနဲ့ မနီ" ကလေးကဗျာစာအုပ်လေး တအုပ် ကျွန်တော် ၀ယ်လို့ ရခဲ့သည်။ စာအုပ်လေးက ပါးပါးလေး။ ဒုတိယအကြိမ်ထုတ် ဖြစ်သည်။ ၁၉၈၉ ဒီဇင်ဘာလထုတ်။ မျက်နှာဖုံးပန်းချီနှင့် အတွင်း သရုပ်ဖော်ပုံလေးတွေက ဆရာကြီးပေါ်ဦးသက်က ရေးဆွဲပေးထားခြင်း ဖြစ်သည်။ တကယ့်ချစ်ခင်မြတ်နိုးဖွယ်ရာ စာအုပ်အဟောင်းလေး တအုပ်။ "၀ါဆို ၀ါခေါင် ရေတွေကြီးလို့၊ သပြေကြီးမှည့်ကောက်စို့ကွယ်" အစချီသည့် ဆရာကြီးမင်းသုဝဏ် ကလေးကဗျာလေးကို အညာသား ကျွန်တော်တို့က မိုးခေါင်ရေရှားအရပ်မှ စာသင်ခန်းထဲမှာ အားရပါးရအော်ဟစ်ပြီး ကဗျာရွတ်ခဲ့ကြသည်။ သပြေသီး ညိုညို မည်းမည်း မှည့်မှည့်ကြီး မျက်လုံးထဲမှာ မြင်ယောင်ပြီး လှေစီး ကမြင်းကြရသလို ခံစားခဲ့ရသည်။ […]

Read more of this post