ဓမ္မဘေရီ အရှင်ဝီရိယ - ဇာတိမာန် (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၄ (ဆရာတော်၏ စာမူကို ဗိုလ်ချုပ်ရာပြည့် စာပေကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်) မိမိမွေးဖွားရာအရပ်ဒေသ၊ အမျိုးအနွယ်တို့နဲ့ပတ်သက်လို့ ဒေသစွဲ သန်ကြတယ်၊ ဇာတိမာန် ထားကြတယ်ဆိုတာ မွေးဖွားရာအရပ်ဒေသတိုင်း၊ အမျိုးအနွယ်တိုင်းတော့ ဖြစ်နိုင်ကောင်းတဲ့အရာ ဟုတ်မယ်မထင်ပါဘူး။ ကိုယ့်အရပ်ဒေသ၊ ကိုယ့်အမျိုးအနွယ်က စွဲလမ်းလောက်အောင်၊ မာန်ထား လောက်အောင် ထူးခြားတဲ့ ဂုဏ်ထူးဝိသေသတစ်ခုတော့ အနည်းဆုံးရှိနေမှသာ စွဲလမ်းနိုင်၊ မာန်ထားနိုင် ကြမှာပါ။ မိမိက နတ်မောက်မြို့နယ် အရှေ့လက် ဥယျာဉ်ရွာမှာ မွေးဖွားခဲ့တာဆိုတော့ အတော်လေး သိတတ်တဲ့အရွယ်ကစပြီး "နတ်မောက်သား"ဆိုတဲ့ ဒေသစွဲခေါ်မလား၊ ဇာတိမာန်ခေါ်မလားတော့ မသိဘူး၊ တခြားအရပ်ဒေသရောက်တိုင်း အဲဒီလို စွဲလန်းပြောဆိုမိတာ အကျင့်ပါနေပါတယ်။ "အတော်လေးသိတတ်တဲ့အရွယ်" ဆိုတာကတော့၊ မိမိအသက် (၁၃)နှစ်လောက်ရှိတဲ့အခါမှာ ဒီမိုကရေစီခေတ်ရဲ့ […]

Read more of this post