မိုးမခမဂ္ဂဇင်း နိုဝင်ဘာ ၂၀၁၄ ရန်ကုန်ထုတ် ထွက်ပါပြီ မိုးမခစာအုပ်စင်၊ နိုဝင်ဘာ ၉ ၊ ၂၀၁၄ တလထက်တလ ပြည်တွင်း ပြည်ပက မြန်မာစာရေးဆရာတွေ စုံလင်အောင် ကြိုးစားနေရလို့ မြန်မာပြည်ရဲ့ အနီးအဝေးက ခေတ်ပြိုင်ခံစားချက်တွေ စုံစုံလင်လင် ပါဝင်စေချင်လို့၊ ပိုပြီး သပ်သပ်ရပ်ရပ်ဖြစ်အောင် အားထုတ်နေရလို့ ဆိုတဲ့ အကြောင်းပြချက်တွေ ထုတ်ပြောမနေတော့ပါဘူး ... ၂၀၁၄ နိုဝင်ဘာလအတွက် မိုးမခမဂ္ဂဇင်း ရန်ကုန်မှာ ထွက်ပါပြီ။ အမှတ် ၈ ကို တိုင်ခဲ့ပါပြီ။ စာအုပ်ဆိုင်တိုင်းမှာ မေးဝယ်ပါ။ ဆိုင်များကနေ လစဉ်မှာယူထားသူများ သွားရောက် ထုတ်ယူပါ။ စာကြည့်တိုက် စာဖတ်အသင်းများက အခမဲ့ ထုတ်ယူကြပါ။ မိုးမခ၀ိုင်းတော်သား စာပေနဲ့ စာနယ်ဇင်းမိတ်ဆွေများအတွက် မေတ္တာလက်ဆောင် သီးသန့် ရယူပါ။ စင်္ကာပူပရိသတ် မြသရဖူစတိုးမှာ မေးဝယ်ပါ။ မြန်မာပြည်ပြင်ပ စာတိုက်ကနေမှာသူတွေကတော့ လကုန်လောက်မှ စာအုပ်ရလိမ့်မယ်။
Read more of this post
No comments:
Post a Comment