မောင်အောင်မွန် - သူသေသွားမှ လေးစားလိုက်ရသော ဆရာဦးအောင်သင်း (သူ့ဖေ့စ်ဘွတ်) နိုဝင်ဘာ ၂၊ ၂၀၁၄ (၁) ၁၉၂၇ ခုနှစ်တွင်မွေးဖွားသူမို့ ကျနော်လူ့ပြည်ရောက်လာချိန် ဗမာတွေ လူလိုသူလိုနေရသည့် အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဦးအောင်သင်း ဆယ်နှစ်လောက်ဇိမ်ကျကျနေခဲ့ပြီးပြီ။ ပြည်တွင်းစစ်မှာ သူဝင်တိုက်ခိုက်နေစဉ် ကျနော်ကစစ်ပြေး ဒုက္ခသည်ပါ။ ထောင်ဆိုတာ ခပ်လှမ်းလှမ်းကနေသာ ကျနော်မြင်ဖူးချိန် သူထောင်ကိုဖောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီးပြီ။ ၁၉၇၀ ပြည့်နှစ်တွင် ကျနော်တို့ဆုံဖြစ်ပုံကို ကျနော်၏ " ရူးတယ်လို့ဆိုချင်ဆို" ၀တ္ထု အမှာစာအဖြစ် ဆရာအောင်သင်းက " ကျွန်တော်နှင့် စာရေးဆရာမောင်အောင်မွန်သည် ကျွမ်းနှီးကြသူများ မဟုတကြပါ။ နှစ်ကြိမ်သုံးကြိမ်မျှသာ တွေ့ဆုံစကားပြောဘူးပါသည်။ နိုင်ငံတကာစာအုပ်နှစ် စာပေဟောပြောပွဲကျင်းပစဉ်က ဂျူဘလီဟောတွင်သူ့ကို 'စစ်ပြီးခေတ်မြန်မာဝတ္ထုတိုများ' စာတန်းရှင်အဖြစ် ပထမဆုံးတွေ့ခဲ့ဘူးပါသည်။ ကျွန်တော်က 'စာဖတ်သူခံစားရသော စာပေ့သြဇာ' ဟူသောခေါင်းစဉ်ဖြင့် […]

Read more of this post