မာမာအေး- ပြောပြစရာတွေလဲတပုံကြီးရှိသေးတယ် - အမှတ် (၅၅၆) နိုဝင်ဘာ ၂၊ ၂၀၁၄ ● ဗုဒ္ဓဝင်အစ သောတရှင်များ ကျန်းမာတော်မူကြပါစေရှင် ...။ မာအေးချစ်တဲ့သောတရှင်တွေ ဂီတဝါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါချမ်းသာကြပါစလို့ ဆုမွန်ကေါင်းတောင်းလိုက်ပါတယ်။ သောတရှင်တို့ရေ၊ ဝါကျွတ်ချိန်ကျော်လာလေတော့၊ ကထိန်တော်ခင်းကြတာ ကျောင်းတော်တိုင်းမှကျင်းပမြဲမို့၊ စနေ-တနင်္ဂနွေရယ်လို့ နား မနေကြပဲ၊ ကုသိုလ်ဆက်နွှဲနေကြတဲ့ ဖို့ဝိန်းမြို့ကလေးက ဒါနရှင်တွေဟာ၊ ကိုယ့်ပြည်နဲ့ပြိုင်တောင်၊ နိုင်ပုံပေါက်နေပါရော့လားလို့ ပီတိစား အားရှိတဲ့အထဲ မာအေးလည်း ပါသွားပါတယ်ရှင်။ ရွှင်လန်းတက်ကြွ၊ နှင်းမကျသေးခင်၊ ဟိုကျောင်းဝင်သည်ကျောင်းထွက် ကုသိုလ်ရေးဆက်နိုင်တုန်းဆက်ဖြစ်တာဟာလဲ မာအေးကျန်းမာနေ လို့ဘဲပေါ့၊ သက်ဆိုင်ရာဒီကပေးတဲ့ဆေးတွေလဲပါ၊ ဗုဒ္ဓကြွေးတဲ့ဆေးလည်း ပါလို့နေမှာပါ။ ဗုဒ္ဓရဲ့ဆွမ်းတော်ကျ နေ့တဓူဝစားလား၊ ဗုဒ္ဓတရားတော်အတိုင်းနားကြားလိုက်နာ၊ ဒါတွေဟာ ဆေးဖြစ်လာတယ်လို့ ယုံကြည်တော့ဂါ။ 'ဗုဒ္မ္ဓဆိုတဲ့စာ- မြင်တာကြားတာ သိတာနဲ့ စပ်စုခဲ့ တာများပြီးကိုး။ အေးချမ်းတယ်လို့ […]

Read more of this post