ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံဥပဒေပြင်ဆင်ရေး ကယားပြည်နယ်ခရီး ဓာတ်ပုံသတင်း  နိုဝင်ဘာ ၈၊ ၂၀၁၄ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၈ ရက်နေ့နံနက်က  ကယားပြည်နယ် လွိုင်ကော်မြို့သို့ သွားရောက်ခဲ့သည်။ လမ်းတွင်  ပင်လောင်းမြို့နယ် ဖိုကုန်း၊ ထိန်ပင်ကျေးရွာအုပ်စုမှ ဒေသခံပြည်သူများနှင့်  တွေ့ဆုံ စကားပြောခဲ့သည်။ ဖယ်ခုံမြို့နယ်အရောက်တွင် ဒေသခံ ပြည်သူများက ဘင်ခရာတီးဝိုင်းဖြင့်ကြိုဆိုနုတ်ဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားခဲ့သည်။ မွန်းလွဲ ၂ နာရီတွင် မြို့တော် လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ပြီး   ညနေ ၄ နာရီတွင်  လူထုဟောပြောပွဲ ပြုလုပ်ခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်သူ ရှေ့နေ ဦးဝင်းမြင့်က   အခြေခံဥပဒေ၏ မညီညွှတ်မှုများ၊ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေးတို့နှင့် ပတ်သက်ပြီး ဟောပြောခဲ့ကြသည်။ ဟောပြောပွဲကို ပြည်သူလူထု တစ်သိန်းကျော်တက်ခဲ့သည်ဟု သိရသည်။ (အချက်အလက်နှင့် […]

Read more of this post