ထူးထူး (တောင်ငူ) – တော်တော်လေး လိုသေးတယ် (မိုးမခ) အောက်တိုဘာ ၂၇၊ ၂၀၁၄ အခန်း (၁) စာရေးသူတစ်ယောက် ကမ္ဘာ့တောင်ဘက်စွန်းပိုင်း၊ပစိဖိတ်သမုဒ္ဒရာနဲ့တတ်စမန်ပင်လယ်ကြားက အေးချမ်းသာယာလှပတဲ့ အော်တဲရိုအာ (သို့မဟုတ်) နယူးဇီလန်နိုင်ငံကိုရွှေ့ပြောင်းအခြေချနေထိုင်ခဲ့ တာ ယခုဆို (၃)နှစ်ကျော်ခဲ့ပါပြီ။ သူတို့နိုင်ငံကို သန့်ရှင်းပြီး၊ စိမ်းစိုလန်းဆန်းနေတဲ့နိုင်ငံ (Clean & Green) လို့အမြဲဂုဏ်ယူဝံ့ကြွားစွာ ကြွေးကြော် လေ့ရှိတဲ့ နယူးဇီလန်ပြည်ဘွားကီဝီလူမျိုးတွေ မသိသေးတဲ့အချက်တွေထဲက အချက်တချက်ကတော့ သူတို့နိုင်ငံမှာ၊အင်မတန်မှဂုဏ်ယူဝံ့ကြွား ထိုက်တဲ့ နယူးဇီလန်တပ်မတော်ရှိနေခြင်းပါပဲ။ စာရေးသူတစ်ယောက်၊ သုံးနှစ်တာကာလအတွင်းမှာ နယူးဇီလန်မှာ စစ်တပ်ရှိကောရှိရဲ့လားလို့ သံသယ၀င်ခဲ့မိပါတယ်။ အကြောင်းကတော့ ယူနီဖောင်းဝတ်တပ်မတော်သားတွေ၊စစ်ကားတွေကို မြင်ရခဲလို့ပါပဲ။ သုံးနှစ်တာကာလအတွင်းမှာ စစ်ကားဆိုလို့ တင့်ကားတစ်စီးကိုမြို့ထဲမှာ တစ်ခါပဲတွေ့ဖူးပါတယ်။ ဖြစ်ချင်တော့ မီးပွိုင့်မှာမီးနီနေလို့ ကားကိုအရှိန်လျှော့ပြီးရပ်လိုက်တဲ့အချိန်၊ စာရေးသူရဲ့ကားနဲ့ဘေးချင်းယှဉ်ပြီးလာရပ်တဲ့ကားကို ရုတ်တရက်ဖြတ်ခနဲလှည့်ကြည့်လိုက်တော့၊ နည်းနည်းနောနောအမြင့်ကြီးပါလား၊ သေသေချာချာကြည့်တော့မှရှေ့မှာအမြှောက်ကြီးနဲ့ […]
Read more of this post
No comments:
Post a Comment