လင်းထိန် - မြို့ရွာအိုးအိမ်​​တွေ (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄ လမ်းမကြီး​တွေရဲ့​ဘေးဘယ်​ညာ မျက်​နှာစာတန်းရှည်​ရဲ့​နောက်​ဘက်​​တွေမှာ များ​မြောင်​ ရှုပ်​​ထွေး လမ်း​မြှောင်​ လမ်းသွယ်​​လေး​တွေနဲ့ အိုးအိမ်​​လေး​တွေ အစုစု အပုံပုံရှိ​နေတာ အပြွတ်​လိုက် ​အခိုင်​လိုက်​ပါ၊ သူတို့​တွေ ​ဘေးပြန့်​ကားတဲ့အခါ ကွင်းပြင်​လယ်​ပြင်​​တွေ​ပေါ် စိမ့်​ကွက်​လာတာ၊ ​ဒေါင်​လိုက်​ ပြန့်​တဲ့အခါ ထိုး​ထောင် ​မိုးမတ်​လို့ မြင့်​တက်​တာ၊ အညွန့်​တလူလူနဲ့ သူတို့ဟာ ​တောင်​​တွေ​ပေါ်လည်း တက်​ကြတာ​၊ ကမ်း​ခြေရိုးတန်း​တွေနားလည်း သွယ်​တန်းသွားကြပြီး ​မြေပြန့်​​တွေမှာ စု​ဝေးကြလို့ပါ၊ လမ်းမကြီး​တွေ လမ်းက​လေး​တွေက သူတို့ရဲ့ အကိုင်းအခက်​​တွေလိုပါ။  

Read more of this post