ဆရာကြီး ဦးအောင်သင်း ကွယ်လွန်ပြီ (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄ ယနေ့နံနက် အောက်တိုဘာ ၂၅ ရက်နေ့မှာ နံနက် ၁၁ နာရီအချိန်ခန့်မှာ နေအိမ်မှာကွယ်လွန်သွားပြီလို့ သိရပါတယ်။ ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာဆုရှင်များ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)၊ ဦးတင်မောင် (သိပ္ပံမှူးတင်) နဲ့အတူ ရရှိခဲ့တာဖြစ်ပါတယ်။ ● ဆရာကြီး ဦးအောင်သင်း အတ္ထုပတ္တိ အောင်သင်း (၁၉၂၇- ၂၀၁၄) ၁၉၂၇ – ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်နေ၊ အဖ-သခင်ညီမောင်နှင့် အမိ-ဒေါ်ရွှေကြင်တို့က ဖွားမြင်သည်။ သားသမီး(၃)ယောက်အနက်-အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာလည်း ဦးအောင်သင်းပင်ဖြစ်သည်။ ၁၉၃၂ – အသက်(၅)နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်း ကျောင်းတွင် စတင်ပညာသင်ကြားခဲ့ […]

Read more of this post