ဇော်အောင်(မုံရွာ) - လူထုကြားကခေါင်းဆောင်၊ အင်ဒိုနီးရှားသမ္မတသစ်နဲ့မိသားစု (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄ "ဂျိုကိုဝီယိုဒို" -  လက်သမား၊ ပရိဘောကအရောင်းအဝယ်လုပ်သူ၊ သစ်တောအင်ဂျင်နီယာကျောင်းဆင်းတစ်ဦးဟာ အင်ဒိုနီးရှားက စစ်ဗိုလ်ချုပ်တွေကြီးစိုးတဲ့ စနစ်ကိုတော်လှန်ဖို့ အရှေ့တောင်အာရှရဲ့ ဒီမိုကရေစီနိုင်ငံကြီးရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတယ်။ ကျမ်းကျိန်ပွဲကို စင်ကာပူနိုင်ငံက ဝန်ကြီးချုပ်လီရှန်လုန်း တက်ရောက်နှုတ်ဆက်ပါတယ်။ မြန်မာနိုင်ငံလည်း ကြိုဆိုရပါမယ်။ ထိုင်းနိုင်ငံခေါင်းဆောင် စစ်ဗိုလ်ချုပ်ကြီး၊ အင်ဒိုနီးရှားသမ္မတသစ်၊ မလေးရှား၊ စင်ကာပူ၊ တရုပ်၊ အမေရိကန် စတဲ့ မြန်မာနိုင်ငံရေးကို လွမ်းမိုးတဲ့ အနီနားအဖြစ်အပျက်တွေပါ။ လူထု စိတ်ဝင်စားစရာကောင်းတာ တခုကတော့ သမ္မတဇနီးသည်၊ သမ္မတ သားသမီးများအကြောင်းဖြစ်ပါတယ်။ ယခင်သမ္မတ ယူဒိုယိုနိုနဲ့ဇနီးသည်ဟာ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်ပြီး၊ အင်ဒိုနီးရှား လူ့မလိုင်လောကရဲ့၊ မြျှောက်စားမှုကြောင့် အဆောင်ယောင်၊ ခမ်းနားစွာနေထိုင်ကြပါတယ်။ မနေချင်လဲမရပါဘူး။ ဒီနေရာရောက်လာသူတိုင်း ဒီလိုအိမ်၊ အစောင့်ရှောက်နဲ့ထည်ထည်ဝါဝါနေရတော့ […]

Read more of this post