ဒေါက်တာဓမ္မပိယ (ITBMU)  - နိုင်ငံကြီးသားမပီသနိုင်သေးတဲ့ နိုင်ငံကြီးသားများ (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က တီဗွီချန်နယ်တစ်ခုဖြစ်တဲ့ MRTV ချန်နယ်မှာ စာတမ်းတိုလေးတစ်ခုကို ဖတ်လိုက်ရတယ်။ ̏နိုင်ငံကြီးသားပီပီ ဘောလုံးပွဲကို လာရောက်အားပေးကြသော ပရိသတ်များသည် ယဉ်ယဉ် ကျေးကျေးဖြင့် လာရောက်အားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်̋ ဆိုတဲ့ စာတမ်းတိုလေးပါ။ ဒီစာတမ်း လေးကတိုပေမဲ့ စဉ်းစားစရာအချက်တွေ များစွာပါဝင်နေတယ်။ ̏နိုင်ငံကြီးသားပီပီ̋ ဆိုတဲ့စကားလုံးလေးကို စာရေးသူ စိတ်ဝင်စားမိတယ်။ နိုင်ငံကြီးသားဆိုသူများသည် ယဉ်ကျေးကြသလား။ ယဉ်ကျေးမှုဆိုတာ နိုင်ငံနှင့်ဆိုင်သလား။ သို့မဟုတ် လူမျိုးနှင့်ဆိုင်သလား၊ ဒါမှမဟုတ်ရင် လူနှင့်ဆိုင်သလား၊ မူနှင့်ဆိုင်သလား စဉ်းစားစရာတွေက များမှများ။ မြန်မာနိုင်ငံရဲ့သမိုင်းကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ယဉ်ကျေးမှုနှင့်ပတ်သက်၍ သမိုင်းခိုင်လုံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့ ကမ္ဘာက အသိအမှတ်ပြု လက်ခံလာခဲ့တဲ့အတွက်ကြောင့် ၀မ်းသာမိတယ်။ ဗိဿနိုး၊ […]

Read more of this post