သက်ခိုင် - လွဲသွားတဲ့ ပန်တျာကျောင်း၊ ဆရာမရဲ့ ဂေါ်သဇင် ဒုက္ခနဲ့ လူလည်အောင်ဖေ (မိုးမခအခန်းဆက်၊ အောင်ဖေ (၁၆))၊ အောက်တိုဘာ ၂၇၊ ၂၀၁၄ (၁) အောင်ဖေက ဆိုခဲ့တဲ့အတိုင်း (၄)တန်းအထိက မူလတန်းကျောင်းမှာတက်ရတယ်၊ အဲဒီခေတ်က မူလတန်းမှာ ဘိုစာကလည်း မသင်ရသေးဘူး၊အမတွေက ဘိုစာတွေ ဘာတွေ ကျက်နေရင် သွားသွားနားထောင်တယ် တခါတခါတောင် လိုက်လိုက်ဆိုသေးပေါ့၊ ဒါနဲ့၅တန်းရောက်တော့ အိမ်ရှေ့ကအလကကျောင်းကို ပြောင်းတက် ရတော့တာပဲ၊ အောင်ဖေပျော်တာပေါ့ ဘာရမလဲ ဘိုစာလည်း သင်ရပြီပေါ့လေ။ စသင်ကတည်းကိုက အေဘီစီဒီကတော့အပျော့ အိုင်အမ်အေ စတူးဒန့်တို့ ဘာတို့ထိကို သဘောပေါက်နေပြီ စိတ်ကလည်းဝင်စားတော့ အိုကေပေါ့လေ၊ အဲဒီမှာ ပထ၀ီတို့ သမိုင်းတို့ကလည်းပါသေး၊ အလယ်တန်းကျောင်းသား ဖြစ်လာတာကို ပါရဂူတန်းတက် ကျောင်းသားလို မြောက်ကြွမြောက်ကြွ ဖြစ်နေတော့တာပေါ့။ […]
Read more of this post
No comments:
Post a Comment