ကွန်မန်ဒိုဝတ်စုံဝတ် ကာတွန်းဆရာ၏ အရေးပေါ် ကြေငြာချက် (ကာတွန်းဝင်းအောင် ဖေ့စ်ဘွတ်) အောက်တိုဘာ ၃၁၊ ၂၀၁၄ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်က စာရေးဆရာဆောင်းဝင်းလတ်၊ ကဗျာဆရာအောင်ဝေး တို့နဲ့အတူ စာပေဟောပြောပွဲ သွားစဉ်က ရိုက်ကူးထားသောဓာတ်ပုံဖြစ်ပါသည်။ ချမ်းအေးသော ဆောင်းရာသီဖြစ်၍့ ကွန်မန်ဒို အနွေးထည်များ အား ဝတ်ဆင်ထားခြင်းဖြစ်ပါသည်။ မည်သည့် လက်နက်ကိုင်အဖွဲ့စည်းနဲ့မှ ပါဝင်ပတ်သက်ခြင်းမရှိသည့် အပြင် ယင်းအဖွဲ့အစည်းများ၏ ဗိုလ်မှူးအဆင့်ဖြင့် ပြန်ကြားရေး တာဝန်များကို ထမ်းဆောင်ခဲ့ဖူးခြင်း လုံးဝမရှိကြောင်း သက်ဆိုင်ရာများ မှ သိစေရန် ကြိုတင် အသိပေးအပ် ပါသည် ။ (ပုံ) (ကာတွန်းဝင်းအောင်)

Read more of this post