အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၅) (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၂၁) ည ၁ နာရီကျော်ခန့်ရှိပြီ။ ရထားက နောက်ကျမှာ သေချာနေသည်။ မတတ်နိုင်။ ဟန်နိုဗာဘူတာက ရထားပြန်ထွက်တော့ ခရီးသည်များအားလုံး ရထားထွက်ခါစကလို လှုပ်လှုပ်ရှားရှား ပြန်ဖြစ်သွားသည်ဟု ထင်သည်။ ဂျာမနီ စသော ဥရောပနိုင်ငံများရှိ ရထား၊ ဘတ်စ်ကားများနှင့် လက်မှတ်စစ်ကိစ္စကို ဆွစ်ဇာလန်သူနှင့် ပြောဆိုဖြစ်သည်။ ဂျာမနီရှိ မြို့တွင်းပြေးဆွဲသော ရထား၊ ကားများပေါ်တွင် လက်မှတ်စစ်သည်ဟူ၍ တွေ့ရခဲသည်။ ဂျာမန်လူမျိုးများသည် သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်တွင် သီလစောင့်ထိန်းဆုံးလူမျိုးဟူ၍ ဂုဏ်ယူကြသည်။ ရထားလည်း ခိုးမစီးကြဟု ဆိုသည်။ မြန်မာနိုင်ငံမှာ စပယ်ယာဟူသော အပိုလူတစ်ယောက်ပါတာတောင် အချို့က မလိမ့်တပတ်နှင့် […]
Read more of this post
No comments:
Post a Comment