ရန်နောင်(ဗို်လ်တထောင်) - လမ်း ၅ဝ စေတနာဆေးကုခန်းကို ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ လပြည့်တွင် ဖွင့်လှစ် (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်၎င်းတို့၏ မိသားစုဝင်များအတွက် ဆေးခန်းတခုကို သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်သည့် ၆ လပြည့် အမှတ်တရအဖြစ် အင်္ဂါနေ့က ရန်ကုန်မြို့တွင် ဖွစ်လှစ်လိုက်သည်။ ပုဇွန်တောင်မြို့နယ် အမှတ် ၁၁၉၊ လမ်း၅၀ (အလယ်ဘလောက်)တွင် တည်ရှိသော ထိုဆေးခန်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာတို့တွင် ဖွင့်လှစ်ထားမည်ဟု ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ထိပ်တန်းခေါင်းဆောင်တယောက်ဖြစ်သော ဦးဝင်းတင် မကွယ်လွန်မီ ၂ နှစ်ခန့်က တည်ထောင်ခဲ့သော ထိုဖောင်ဒေးရှင်းသည် နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စာနယ်ဇင်းသမားများ၊ စာရေးဆရာများအတွက် နာမကျန်းထောက်ပံ့ငွေကို ၂လတစ်ကြိမ် […]
Read more of this post
No comments:
Post a Comment