ဘကျော် (မကွေး) - ပြည်သူ့ဆေးရုံမြင်ကွင်း (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄ ဒါ- တောင်ဆူဒန်နဲ့ ဆီးရီးယားမဟုတ်ဖူးဆိုတာတော့ သေချာတယ်၊ မနက်ဖန်အတွက် မျှော်လင့်ချက် ကိုယ်ဆီနဲ့ အိပ်ယာကုတင် ပျဉ်ခင်းမှာ အပ်စိုက်ပေါက်တမ်းလန်းနဲ့ ခြင်ထောင်မဲ့ အမိုးကိုမော်ကြည့်နေတယ်၊ အရှေ့အလယ်ပိုင်းကို နေ့ခင်းကြောင်းတောင်ရောက်နေသလိုမျိုး သွေးစီးကြောင်းမျက်နှာတွေက ပိုင်ရှင်ကို ရှာဖွေနေလေရဲ့၊ ဟိုဖက် ပို့ လိုက် ဒီဖက်ပို့လိုက် ပညာသင်ပေါက်စတစ်ယောက်တော့ နားနှစ်ဖက်ကို ခွနဲ့ထောက်လို့ ခေါင်းတခါခါ လည်တရမ်းရမ်းနဲ့ မောပန်းနေတယ်၊။ ခဏစောင့်ပါ အကြိမ်ကြိမ်ပြောနေပေမဲ့ ကိုယ်မလုပ်တတ်တဲ့ ကိစ္စ ထိုင်ကြည့်နေရတာ ကျောတောင်တောင့်တယ်၊ ဒါပေမဲ့ သူတို့ကိုယ်စား တွေးတောကြည့်ရင် စမြိန်စာထုပ်ဆိုတာ သေရွာကို ပို့သလိုမျိုး အိတ်ဆွဲကိုယ်ဆီနဲ့ ခွက်မပါဇွန်းတပ် မငတ်အောင်တော့ စားနေကြရတယ်။ ချို့တဲ့သူ စေတနာနဲ့ တတ်နိုင်သူ […]

Read more of this post