ဝတ်မှုန်(စင်္ကာပူ) Survival Job - အသက်ရှင်ဖို့ အလုပ်အကိုင် (မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၄ ကျွန်တော် အသက်အရွယ်ရလာချိန်မှာ အလုပ်အကိုင်အကြောင်း နည်းနည်းသဘောပေါက်လာပါတယ်။ ငယ်ငယ်တုံးကတော့ စားဝတ်နေရေးအတွက်ပဲ ပိုက်ဆံရအောင် အလုပ်လုပ်ရတယ်လို့ ခံယူပါတယ်။ ဘွဲ့ရအလုပ်လုပ်တဲ့အချိန်မှာ တချို့ အလုပ်မယ်မယ်ရရ မလုပ်ပဲ၊ စားဝတ်နေရေးပြေလည်နေတာ တွေ့ရတော့ အလုပ်လုပ်မှ စားဝတ်နေရေးအတွက် ငွေကြေးရမယ်ဆိုတဲ့ အများစုလက်ခံတဲ့အယူအဆကို စဉ်းစားတွေးမိလာပါတယ်။ အလုပ်မလုပ်ပဲ ပိုက်ဆံရနေတယ်လို့တော့ မပြောချင်ပါဘူး။ သူတို့ မိဘဘိုးဘွားများ စိုက်ခဲ့တဲ့ စီးပွားရေး ၊ငွေကြေးများကြောင့်လား၊ နောက်ဆုံး ဗမာတွေက လူပျင်းလို့သတ်မှတ်ထားတဲ့ အာရပ်လူမျိုးတွေလည်း စားဝတ်နေရေး အိုကေနေတဲ့အပြင်၊ ရေနံတွေ နင်းကန်ထွက်နေတော့ ချမ်းသာတဲ့နိုင်ငံဖြစ်နေတာလဲ သဘာဝတရားရဲ့ အံ့သြဘွယ်တစ်ခုဖြစ်ပါတယ်။ တစ်ခါက စင်ကာပူနိုင်ငံသားတစ်ဦး မြန်မာပြည်လာတယ်၊ နှေးကွေးစွာလုပ်နေတာတွေ့တော့ ပျင်းတာကိုး၊ ဆင်းရဲမှာပေါ့..လို့ကောက်ချက်ချက်ပါတယ်။ […]
Read more of this post
No comments:
Post a Comment