ဖိုးထက် - အိပ်မက်ထဲမှာပဲ မြန်မာပြည်မှာ ကားတိုက်ခံချင် (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄ ညသန်းခေါင် ကျော်ခန့်မှာ ကျွန်တော် စာဖတ်လို့ အရှိန်ရနေဆဲ။ အိမ်ရှေ့လမ်းပေါ်မှ "၀ုန်း..ဂျိန်း.." ဆိုသော အသံကြီးကို ကြားလိုက်ရသည်။ ပုံမှန်အားဖြင့် ဒီလို အချိန်ဆိုလျှင် ပါတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေတတ်သည်။ လမ်းပေါ်မှ ကြိုကြား ကြိုကြား ဖြတ်သန်းသွားသည့် ကား တစ်စီးတစ်လေ၏ အသံနှင့် အရက်မူးသမားတို့၏ ရယ်သံများ၊ သီချင်း အော်ဆိုသံများသာ ကြားရတတ်သည်။ စာဖတ်လို့ အလွန်ကောင်းသည့် အချိန်လို့ ကျွန်တော် သတ်မှတ်ထားသည်။ အာရုံစူးစိုက်လို့ သိပ်ကောင်းသည်။ အခုတော့ ဘာများ ဖြစ်ပါလိမ့်ဆိုသည့် အတွေးဖြင့် အိမ်ရှေ့ ပြတင်းပေါက်မှ လှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာ လူလေးငါး ဆယ်ယောက်ခန့် […]

Read more of this post