လင်းနွေးအိမ် - ကိုပါကြီး ရေ ... (မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၁၄ ကြေးစည်မထု ရေအိုးမခွဲလိုက်ရပေမယ့် ကိုပါကြီးရဲ့ အော်သံက တရားလက်လွတ်ခေတ်အတွက် ဘဝဂ်ညံသွားခဲ့ပြီလေ။ သူ့ လက်ထဲကကင်မရာမီးဟာ အမှောင်ခေတ်ကို တဖြတ်ဖြတ်နဲ့ ထိုးပြလိုက်ပြီပေါ့။ တရားမျှတမှုလိုချင်သူမှန်သမျှ ပါကြီးရေလို့  ကောင်းကင်ယံထိအော်လိုက်ကြ။ ပြီးတော့ မချိမဆန့် နဲ့ နောက်ဆုံးထွက်သက်ရှူသွားမယ့် ကိုပါကြီးအတွက် ကျနော်တို့ ရဲ့ခွန်အားကို ဓါတ်ခဲတလုံးအနေနဲ့ သုံးပြီး သူ့ ကင်မရာမီးအတွက်အားဖြည့်ဂုဏ်ပြုလိုက်ကြစို့ ။ လင်းနွေးအိမ် အောက်တိုဘာလ ၂၄ ရက် ၂၀၁၄။

Read more of this post