အရှင်စန္ဒိမာ (မွန်စိန်တောရ) - အသားမပါ အရွတ်များတဲ့ သရဏံဂုံနဲ့ အာဏာတို့ ပေါင်းဖက်တွေ့တော့ (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၄ ကျောင်းသားဘဝက စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို စွဲမက်ခဲ့ဖူးတယ်။ အဲဒီအထဲမှာ "အပူအပင်ကင်းတဲ့ ကလေးရဲ့ဘဝကို တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်" စာသားပါတဲ့ သီးချင်းလည်း ပါဝင်တယ်။ ကလေးဘဝ အပူအပင်ကင်းသလား မကင်းသလားဆိုတာ စစ်ပြေးဒုက္ခသည်ရုပ်သံသတင်းတွေကို ကြည့်လိုက်ရင် ပေါ်လွင်ပါတယ်။ အသက်လုထွက်ပြေးနေကြရတဲ့ အချိန်မှာတောင် ကလေးတွေကတော့ ရောက်ရာအရပ်မှာ ပျော်နိုင်ကြသေးတာပါ။ ယခင်က ထိုသီချင်းစာသားကို နှစ်ခြိုက်ဖူးပေမယ့် အတော်အတန် စဉ်းစားတတ်တဲ့အရွယ် ရောက်လာတော့ ထိုစာသားကို အလေးအနက် ပြန်တွေးကြည့်ဖြစ်တဲ့အခါ ကလေးဘဝကို ပြန်ရောက်ရမှာ မဝံ့မရဲဖြစ်လာတယ်။ အပူအပင်ကင်းတဲ့ ကလေးဘဝအဖြစ် မမြင်မိတော့ဘဲ အသိဉာဏ်နည်းတဲ့ ကလေးရဲ့ဘဝကိုပဲ ပြန်လည်မြင်ယောင်လာတယ်။ အသိဉာဏ်နုနယ် အပြစ်ကင်းစင်တဲ့ ကလေးဘဝကို […]

Read more of this post