ရန်နောင်(ဗိုလ်တထောင်) စာရေးဆရာ လင်္ကာရည်ကျော်၏ 'ပန်းဒေါင်း' စာအုပ်သစ်မိတ်ဆက် (မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၄ ဆရာဝန်၊ စာရေးဆရာ လင်္ကာရည်ကျော်၏ ပန်းဒေါင်း စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်းရှိ  Orchid Hotel ၌  အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လည် (၃)နာရီက ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါစာအုပ်မိတ်ဆက်ပွဲတွင် ဆရာဝန်၊ စာရေးဆရာ ဒေါက်တာစိုးလွင် နှင့် စာရေးဆရာကြည်မင်းတို့ မှ အမှတ်တရစကားများပြောကြားပေးခဲ့ကြပြီး စာရေးသူ ဆရာလင်္ကာရည်ကျော် ကိုယ်တိုင် ဝတ္ထုလေး ဖြစ်ပေါ်လာပုံကို ပြောကြားခဲ့သည်။ ပရဟိတအလုပ်ကို တစ်ကိုယ်တော် လုပ်ကိုင်နေသော မခင်နွယ်စိုးဆိုသည့် အမျိုးသမီးလေး တစ်ယောက်အကြောင်းကို တန်ဆာဆင်ကာ ရေးဖွဲ့ထားသောထိုဝတ္ထုလေးသည် ပြင်ပတွင် တကယ်ရှိသော ပရဟိတ လုပ်နေသူလေး တစ်ယောက်ကို မှီး၍ ရေးထားခြင်းဖြစ်ပြီး ဆရာထိုစာအုပ်ရေးနေစဉ်မှာပင် […]

Read more of this post