မင်းကောင်းချစ် -" လူသတ်လိုင်စင် " (မိုးမခ) အောက်တိုဘာ ၂၆၊၂၀၁၄ အလွတ်သတင်းထောက်ကိုပါကြီး(ခ)ကိုအောင်နိုင်ကို မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သတင်းဟာ…မြန်မာပြည်သူပြည်သားတွေအတွက် ကျယ်လောင်တဲ့အချက်ပေး ခေါင်းလောင်းသံ နောက်တခုပါ။ ကိုပါကြီးဘဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ်..မြန်မာနိုင်ငံသားယောက် အခုလို ကြက်ကလေး ငှက်ကလေးလို..လွယ်လင့်တကူ ဥပဒေမဲ့သတ်ဖြတ်တာခံရတယ်ဆိုတာ..ဘာကိုညွှန်ပြနေပါသလဲ။ ရှင်းရှင်းလေးပါ တရားဥပဒေစိုးမိုးမှု့လုံးဝမရှိဘူးဆိုတာပါဘဲ။ ဥပဒေအထက်မှာ..စစ်တပ်နဲ့ အာဏာပိုင် အသိုင်းအ၀ိုင်းတွေကျကျနနထိုင်နေတယ်ဆိုတာ..လယ်ပြင်မှာဆင်သွားသလိုထင်ရှားလွန်းပါတယ်။ လက်ရှိဦးသိန်းစိန်အစိုးရနဲ့ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေဟာ..အဲ့ဒီ လူသတ်လိုင်စင်ကို…စစ်တပ် ရဲ စွမ်းအားရှင် စတဲ့ အာဏာပါးကွက်သားအဖွဲ့ အစည်းတွေကိုပေးအပ်ထားတာပါ။ နိုင်ငံရဲ့အိမ်ဦးခန်းမှာ သူခိုးဂျပိုး လူသတ်ကောင်တွေကို လုပ်ခြင်သလိုလုပ်ပိုင်ခွင့်ပေးထားတာပါ။ ဒါဟာ စစ်အာဏာရှင်စနစ်ရဲ့ လူကိုခွေးကိုက်အသတ်ခံရတဲ့အမှု့တွေထဲက နောက်ထပ်အမှု့ကြီးတခုပါ။ တကယ်တော့ ကိုပါကြီးလို မြန်မာနိုင်ငံသားတယောက် ရက်ရက်စက်စက် တရားလက်လွတ် ဥပဒေမဲ့ အသတ်ခံရတယ်ဆိုတာ…အခုမှမဟုတ်ပါဘူး။ စစ်အာရှင်သမိုင်းခေတ်အဆက်ဆက်ကနေ ဒီနေ […]
Read more of this post
No comments:
Post a Comment