ကျော်ဟုန်း - သုံးရောင်ခြယ်ကြဟေ့ (မိုးမခ) အောက်တိုဘာ ၂၆၊ ၂၀၁၄ ဒီစစ်အုပ်စုက ဒေးဗစ်ကော့ဖါဖီးဒ် ထက်များ အလှည့်အပြောင်း ညင်သာနေမလား၊ ကော့ဖါဖီးဒ်က မျက်လှည့်ပဲ ကျွမ်းတာ စစ်အုပ်စုက စိတ်လှည့်၊ မျက်လှည့် ကျွမ်းတယ်။ ဒီစစ်အုပ်စုက အချိုလို အချိုကျွေး၊ အချဉ်လို အချဉ်ကျွေး၊ ပန်းယူမလား၊ ယမ်းယူမလား၊ သူ့ အင်အား ဘက်စုံဖြည့်ထားတယ်။ တလကျော်ကြာ အစပျောက်နေတဲ့ သုံးရောင်ခြယ် ကိုပါကြီး သတင်း၊ စိစစ်ကြရလိမ့်မယ်။ ဘယ် လက်နက်ကိုင်အဖွဲ့ မှ မ၀င်ခဲ့သူ အလွတ်သတင်းထောက် ကိုပါကြီး စစ်အုပ်စုက သတင်းထုတ်ပြန်တော့ ကိုပါကြီးဟာ KKO က ဗိုလ်ကြီးအောင်နိုင်ဖြစ်သွား၊ လက်နက်လုပြီးခုခံတဲ့ ရာဇ၀တ်ကောင်ဖြစ်သွား၊ လူကို လုပ်ကြံသလို သတင်းပါ လုပ်ကြံ ခွပ်ဒေါင်း ခွေးဆွဲသွားပြီ။ […]

Read more of this post