ငြိမ်းချမ်းအေး - တရားခံ ဘယ်သူလဲ ဟေ့… (မိုးမခ) အောင်တိုဘာ ၁၈၊ ၂၀၁၄ အသက် (၁၉) နှစ်အောက် အာရှဖလား ရှုံးထွက် ကွာတားဖိုင်နယ် အဆင့် ဗမာ-ယူအေအီး ပွဲ နိုင်ပွဲ ရအပြီး ပရိသတ် များ ကွင်းထဲ ဝင် သောင်းကျန်းကြတာကို အပြစ်တင်ကြတယ်။  ရိုင်းကြတယ်၊ ရှက်တယ်ပေါ့။ ပရိသတ်ကို အပြစ်တင် မစောကြပါနဲ့။  ဒီလိုလူရိုင်းစိတ်တွေ ဝင်အောင်၊ နိုင်ငံတော် သီချင်း ဆိုပြီး သူများ အသက်၊ အိုးအိမ်၊ စည်းစိမ် ဖျက်စီတတ်အောင် စနစ်တကျ မြေတောင်မြှောက် နှစ်ငါးဆယ်ကျော် လေ့ကျင့်သင်ကြား ဦးဆောင် လမ်းပြပေးခဲ့ကြတဲ့ ပုဂ္ဂိုလ်ကြီးများကိုသာ ဇောင်းပေး ဆိုရမှာပါ။ မဝင်သင့်တဲ့ နေရာ ကပ်လျက် နောက်ပွဲ ထိုင်း-ဥဇဘက်ကစ္စတန် […]

Read more of this post