အောင်လွန်းမြိုင် - သွေးတိုးနေတဲ့ကဗျာ (မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၄ ငါ သွေးတိုးနေပုံက ကုပ်ပိုးပေါ် တုတ်မိုးထားသလို ဇော်(ပျဉ်းမနား)ရဲ့ကဗျာကို သတိရမိ အနေအထိုင်မတတ်မှုမှာ ဖျောက်ကနဲ ကျိုးသွားနိုင်တဲ့အသက် မတော်တဆနဲ့ ခြေချော်လက်ချော်ပေါ် လျှောက်ရတဲ့ အသက် သွားသတိစားသတိ ဝိတ်လေး နည်းနည်းလျှော့ အရက်လေး နည်းနည်းလျှော့ လမ်းလေး နည်းနည်းလျှောက် ရိပ်ကနဲ ရိပ်ကနဲ စိုးရိမ်စိတ်နဲ့ အသက်ကိုကာကွယ်တဲ့နေ့ကဆို ဒန့်ဒလွန်ကိုင်းကို လှမ်းဆွဲ အားကိုးတကြီး မှီဝဲ အသက်ကို ကာကွယ် သြော်.. ငါတို့ ဒီအသက်ဒီအရွယ် မဆင်မခြင်နေလို့ မဖြစ်တော့တဲ့ ၂၀၁၅ ။ ။
Read more of this post
No comments:
Post a Comment