မိုးမခအထောက်တော် -  ကနေဒါနိုင်ငံမြို့တော်တွင် ပစ်ခတ်မှုများ ဖြစ်ပွား၊ စစ်သားတဦး သေဆုံး အောက်တိုဘာ ၂၂   ဗုဒ္ဓဟူးနေ့က အော်တဝါမြို့တော်စစ်ဗိမာန်ရှိ အစောင့်စစ်သားတဦး ပစ်ခတ်ခံရပြီးနောက်ပိုင်း လွှတ်တော်အဆောက်အအုံနှင့် အစိုးရရုံးများကို ပိတ်လိုက်သည်။ ပစ်ခတ်ခံရသူမှာ နာရီအနည်းငယ်အကြာတွင် သေဆုံးသွားသည်။ ပစ်ခတ်မှုတွင် သေနတ်သမား ၃ ဦး ပါဝင်နိုင်ပြီး ပစ်ခတ်မှုအများအပြား ဖြစ်ပွားခဲ့သည်ဟု  အော်တဝါမြို့တော်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။ မြို့တော် နေရာ ၃ ခုတွင် ပစ်ခတ်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သေနတ်သမားတို့ကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေစဉ် လွှတ်တော်အဆောက်အအုံကိုလည်း ပိတ်ဆို့ထားလိုက်သည်။ ဝန်ကြီးချုပ် Stephen Harper ကိုလည်း ထိုနေရာမှ ခေါ်ထုတ်သွားသည်၊ ဝန်ကြီးချုပ်က တိုရွန်တိုမြို့သို့ သွားရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ အမေရိကန်သံရုံးအပါအ၀င် အော်တဝါမြို့လယ်ပိုင်းပိုင်းကို လုံခြုံရေးအကြီးအကျယ် […]

Read more of this post