ခိုင်မာကျော်ဇော - အူးဒါးချောင်းကိုဖြတ်၍ (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄ အူးဒါးချောင်းဆိုတာ သံလွင်မြစ်ကြီးထဲကိုစီးဝင်တဲ့ ချောင်းရိုးလေးတခုပါ၊ သံလွင်မြစ်နဲ့  အူးဒါးချောင်းဆုံရာနေရာမှာ ကရင်ပြည်နယ် ဖာပွန်ဒေသက စစ်ပြေး မိသားစု အစု(၂၀)ကျော် ပုန်းအောင်း နေထိုင်ကြပါတယ်။ တဲအိမ်လေးတွေ ၃-၄လုံး ဟိုတစု ဒီတစုရှိတဲ့ သူတို့ နေတဲ့ နေရာလေးကို ရွာပုန်းလေး တရွာလို ခေါ်ပြီး ဇာတိရပ်ရွာတွေကို စွန့် ခွာထွက်ပြေးလာကြ၊ တောတွေတောင်တွေထဲမှာ ပုန်းအောင်းနေထိုင်ကြတဲ့ သူတို့ ကိုတော့ ရွာပုန်းရွာရှောင်တွေလို့  ခေါ်ကြပါတယ်။ ရွာပုန်းရွာရှောင်တွေနေတဲ့ တဲအိမ်လေးတွေနဲ့  စာသင်ကျောင်းလေး တကျောင်းကိုတော့ အူးဒါးချောင်းက ပိုင်းခြားထားပါတယ်။ တဲအိမ်ငယ်လေးတွေက အူးဒါးချောင်းရဲ့ အနောက်ဘက်မှာ၊ စာသင်ကျောင်းလေးကတော့ အူးဒါးချောင်းအရှေ့ ဘက် တောနက်နက်တနေရာမှာ။ စာသင်ကျောင်းလေးကို […]
Read more of this post
No comments:
Post a Comment