မောင်ရစ် - မှန်မျက်နှာကျက်အောက်က ဖြစ်ရိုးဖြစ်စဉ်အသစ် အယ်ဒီတာ့လက်ရေး (၃၈)၊ အောက်တိုဘာ ၂၃၊ ၂၀၁၄ အင်္ဂလိပ်လိုကတော့ new normal လို့ သုံးပါတယ်။ ယခင်ကနဲ့ မတူတော့တဲ့ ဖြစ်ရိုးဖြစ်စဉ်အသစ် - new normal ပေါ့။ အရင်တုန်းက ဖြစ်ရိုးဖြစ်စဉ် (old normal) ဆိုတာ ဘာတွေလဲ … နိုင်ငံရေးအကျဉ်းသားတွေ ထောင်နဲ့ချီပြီး ရှိနေတာ၊ ကျီးလန့်စာစား နေ့နေ့ညည ကြောက်ရွံ့ စိုးရိမ်ထိတ်လန့်နေရတာ၊ အိုးအိမ်ရပ်ရွာ စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရသူတွေ အိမ်ပြန်မလာနိုင်သေးတာတွေက ယခင်တုန်းက ဖြစ်ရိုးဖြစ်စဉ်တွေပေါ့။ အခုတော့ ဒါတွေကနေ အပြောင်းအလဲတွေ ဖြစ်လာတော့ အခု ကျနော်တို့ ရင်ဆိုင်ဖြတ်သန်းနေရတာက new normal တွေပေါ့။ New normal […]

Read more of this post