အရှင်ကုသလသာမိ (အတည်မဲ့) - စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၆) (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄ ယခင်အပတ်မှ အဆက် (၂၈) အအေးဓာတ်က ပိုလာသည်နှင့် ဘူတာအတွင်းရှိ ဘေးဘက်လေးတန် မှန်ဖြင့် ကာထားသော နားနေခန်းသို့ သွားပြီး အိတ်ကိုဖွင့်ကာ ဆွယ်တာကို ထုတ်ဝတ်လိုက်သည်။ အထူးသဖြင့် ဆောင်းတွင်း နှင်းများ ဖွေးဖွေးလှုပ်အောင် ကျလာချိန်ရောက်လျှင် နားနေဖို့ ပြုလုပ်ထားသောအခန်းလေးဖြစ်သည်။ ခဏကြာသောအခါ အမျိုးသမီးကြီးတစ်ဦး ဝင်လာသည်။ စောင်လိုလို ဘာလိုလို နီညိုရောင်အဝတ်ကြီးကို ဟိုလိပ်ဒီလိပ်၊ ဟိုထိုးထည့်ဒီထိုးထည့်ကာ ဝတ်ထားသော ဖတ်ရှင်အသစ်အဆန်းကို မမြင်ဖူး၍လောမသိ၊ ပြုံးစိစိဖြင့် ကြည့်နေသည်။ ပြန်ပြုံးပြလိုက်သည်။ အချို့က စာရေးသူလိုဘုန်းကြီးများ ဝတ်စားထားပုံကို သူများနှင့်မတူအောင် ဖက်ရှင်ထွင်ဝတ်သည်ဟု ထင်ပုံရသည်။ စာရေးသူ ဂျာမနီသို့ ထွက်ခွါလာခါနီးတွင် […]
Read more of this post
No comments:
Post a Comment