လူနာပြုစုရင်း အီဘိုလာကူးစက်ခံခဲ့ရသူ သူနာပြုဆရာမကို အမေရိကန်သမ္မတ တွေ့ဆုံအားပေး သတင်းမေး (နယူးယောက်တိုင်း ဓာတ်ပုံသတင်း) အောက်တိုဘာ ၂၅၊ ၂၀၁၄ အောက်တိုဘာ ၂၄၊ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီအိမ်ဖြူတော်မှာ သမ္မတ အိုဘားမားက အီဘိုလာပိုး ကူးစက်ခံခဲ့ရသူ သူနာပြုဆရာမ နီနာဖန်ကို ခေါ်ယူတွေ့ဆုံ အားပေး သတင်းမေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်ကျော်က တက္ကဆပ်ပြည်၊ ဒါးလပ်မှာ အာဖရိကတိုင်းပြည်က ပြန်လာသူ အီဘိုလာလူနာကို ကုသစောင့်ရှောက်မှုပြုနေစဉ်မှာ သူနာပြုဆရာမ အသက် ၂၆ နှစ်အရွယ် နီနာဖန်တယောက် ထပ်ဆင့်ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ချက်ခြင်း ၀ိုင်းဝန်းကုသမှုများ ရယူခဲ့ပြီးနောက် သူနာပြုဆရာမ ပြန်လည် သက်သာလာရာက မနေ့ကပဲ လုံးဝ ရောဂါကင်းသွားပြီလို့ ပြည်ထောင်စုကူးစက်ရောဂါဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ရောဂါပျောက်ကင်းသွားသူ သူနာပြူဆရာမကို သမ္မတ အိုဘားမားက အိမ်ဖြူတော်ဆီကို […]
Read more of this post
No comments:
Post a Comment