ခင်မောင်စော (ဘာလင်) - မြန်မာ့ရိုးရာ သင်္ချာကိန်းဂဏန်းများ (မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၁၄ တခါကကြည့်ခဲ့ဘူးသောပြင်သစ်ဟာသရုပ်ရှင်ကားတကားကိုသတိရမိပါသည်။ ၎င်းကားတွင် ပထမ ကမ္ဘာစစ်မဖြစ်မီကမြောနေသူတဦးကို ၁၉၇၀ လောက်၌ နောက်ဆုံးပေါ်ဆေးဝါးများဖြင့်ကုသလိုက် ရာ သတိပြန်လည်ရပြီးကျန်းမာလာသော်လည်း ၎င်းပုဂ္ဂိုလ်သည် နောက်ဆုံးပေါ်ယာဉ်ရထားများ၊ ဂျက်လေယာဉ်များ၊ ရုပ်မြင်သံကြားစက်များ စသည်တို့ကိုမြင်လိုက်ရပါက လန့်ပြီးရူးကောင်းရူး သွားနိုင်သည်ဟုယူဆပြီး ပထမကမ္ဘာစစ်မဖြစ်မီကအခြေအနေအတိုင်း ဖန်တီးထားသည့် ရုပ်ရှင် စတူဒီိယိုအတွင်းမှာထားရသောဇာတ်လမ်းဖြစ်ပါသည်။ ထိုနည်းတူစွာပင်နိုင်ငံခြားတွင်အနေကြာသောမြန်မာတဦးသည် ယခုခေတ်မြန်မာပြည်သို့ အလည် ပြန်ရောက်စတွင် ဤခေတ်မြန်မာများသုံးနေကြသည့် သိန်းပေါင်းခြောက်သောင်း စသော မြန်မာ့ ရိုးရာမဟုတ်သည့် သင်္ချာကိန်းဂဏန်းများကို ကြားလိုက်ရပါက လန့်ပြီးမရူးစေနိုင်သော်လည်း ဦးနှောက်တော့ အတော် ခြောက်သွားမည်မှာသေချာပါသည်။ "ခု ဆယ် ရာ ထောင် သောင်း သိန်း သန်း ကုဋေ ၊ လူ့ ပြည်မှာ […]
Read more of this post
No comments:
Post a Comment