ကိုသန်းလွင် - စင်္ကာပူအိပ်မက် (EDB အကြောင်း) (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄ (၁) ကျွန်တော် စင်္ကာပူသို့ ပထမ ဆုံးရောက်ဖူးရသည်မှာ ၁၉၈၁ ခုနှစ်ကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ကျွန်တော်တို့အခေါ် မိုးပျံတိုက်ကြီးတွေ ရှိတာကိုဘဲမှတ်မိသည်။ ကျွန်တော်တို့ဆီ က ၆ ထပ်ရုံးဆိုလျင် အလွန်မြင့်လှပေပြီ။ နောက် နှစ်နှစ်တကြိမ်၊ သုံးနှစ်တကြိမ် မပြတ် ရောက်ပါသည်။ စင်္ကာပူသည် တရိပ်ရိပ် တိုးတက်နေသည်ကို မြင်နေရသည်။ ၁၉၈ရ ခုနှစ်တွင် MRT ခေါ် မြေအောက်ရထားတွေ စတင်ပြေးနေပြီ။ မှန်တံခါးမှ မြင်ရသော ရထားတွေ ပြေးနေတာမှာ တရိပ်ရိပ်။ စီးရသည်မှာ ညင်သာလှသည်။ မြန်မာပြည်က ရထားတွေလို တဒုံးဒုံး မမည်။ ခုန်လည်း မခုန်။ […]

Read more of this post