နေဝန်းနီ(မန္တလေး) - "တချိန်တုန်းက ထောင် ဆိုတာ" (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄ "ထောင်ဆိုတာ သွားလို့ကောင်းတဲ့နေရာမဟုတ်။" အခုခေတ်လူငယ် လေးတွေပြောနေကြပါတယ်။ ထောင်ကျတော့ ဘာဖြစ်လဲတဲ့။ အဲလို အသံတွေ မကြာမကြာ ကြားလာရတော့။ အသိပညာ ဗဟုသုတ ရစေ၊ ရေးမယ်ဆိုပြီး ရပ်ကွက်ထဲက ထောင်ကျဘူးသည့် ဦးလေးတစ်ယာက် နှင့် အလုပ်ပြီးချိန်တိုင်း တစ်ပတ်တိတိ မပျက်မကွက်ဘဲ စကားသွားပြောဖြစ်ခဲ့သည်။ လွန်ခဲ့သော အနှစ် (၂၀) ခန့် ထောင်တွင်း နေထိုင်မှုများကို ရေးသားတင်ပြပါမည်။ သူ ထောင်ကျသည့် သက်တမ်းမှာ ရှစ်လ သာရှိပေသည်။ သက်တမ်းမှာ မများလှသော်လည်း နားထောင်ခဲ့ရသည့် ကျွန်ုပ်အဖို့မှာတော့ ကြက်သီး ဖျန်းဖျန်းထခဲ့သည်။ အမှတ် ၅ ရဲစခန်း၌ တစ်လကြာ ထိန်းသိမ်းခံရပြီးနောက် အိုးဘိုထောင်ကြီးချုပ်သို့ […]

Read more of this post