ဆောင်းယွန်းလ -" မိအေး ဘယ်နှစ်ခါနာခဲ့မှန်း မသိတော့ဘူး" (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၄ အသက်ကို ဘာဖက်နဲ့ ထုပ်ထားပြီး ဘယ်ပြည်ဖြစ်နဲ့ လုပ်ထားရမှာလဲ.. ပြည်တွင်းဖြစ် အသက်မှာ စပယ်ယာပတ် နှစ်စုံစီလောက်တော့လိုတယ်... တရားကို ဘယ်နတ်က စောင့်ခဲ့တာတဲ့လဲ.. ဘယ်ဘုရားကို လက်ဝဲရစ်ပတ်ပြီး ဘယ်ဘုရားမှာ လက်ယာရစ်ပတ်ရမှာလဲ... မပြောင်းပါဘူးလို့ ပြောနေတာတောင်မှ ပြောင်းနိုးနိုး တရေးနိုးချင်သူတွေနဲ့.... မကောင်းပါဘူးလို့ သိနေတာတောင်မှ ကောင်းနိုးနိုး ခေါင်းထိုးပြီး ပန်းအလျော်တောင်းဖို့ ချောင်းနေသူတွေနဲ့... တည့်တည့်ကို ဒဲ့ထိမှသိမယ်ဆိုရင် ဘယ်နှစ်ခါ အခါခါနာပြီးပြီလဲဆိုတာ မိအေးကိုသာ မေးကြည့်လိုက်ကြပါတော့... အဆိုးဆုံးကတော့ ကျားရဲကို ခွေးအတွေဝင်ဆွဲတဲ့ကိစ္စပါပဲ.. အမှန်မြင်တဲ့ ငါ့မျက်လုံးတွေကို ဒီကနေ့ပဲ ငါ့လက်တွေနဲ့ အဆုံးစီရင်ပစ်လိုက်မိပြီ..။  

Read more of this post