အရှင်စန္ဒိမာ (မွန်စိန်တောရ)  - အကောင်းမြင် မျှော်လင့်မှုဖြင့် (မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄ ထိပ်သီးနိုင်ငံရေးပါတီခေါင်းဆောင်များ၊ သမ္မတ၊ လွှတ်တော်နဲ့ စစ်တပ်အကြီးအကဲတို့ ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ကြမယ်ဆိုတဲ့သတင်းက ပြည်သူတွေအတွက် အထူးစိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ပါ။ သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံးအကြိမ် တွေ့ခဲ့ကြစဉ်ကလည်း ပြည်သူတွေ အကောင်းမြင် မျှော်လင့်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ထိုစဉ်က ထိပ်သီးနှစ်ဦး တစ်ကြိမ်မက တွေ့ဆုံခဲ့ကြမှုတွေဟာ ဘာမှအရာမထင်ခဲ့ဘဲ စစ်အုပ်စုစိတ်ကြိုက် ပုံဖေါ်ထားတဲ့ အတုအယောင်ဒီမိုကရေစီကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်ပြု လက်ခံလာအောင် တွေ့ဆုံမှုကို ရောင်းကုန်တစ်ခုလို အသုံးချခဲ့တာထက် မပိုခဲ့ပါဘူး။ လက်ပံတောင်းတောင်ကိစ္စ၊ နိုင်ငံအနှံ့ လယ်ယာမြေများအသိမ်းခံရ လယ်သမားများထောင်ချခံနေရတဲ့ကိစ္စ၊ တက်ကြွလှုပ်ရှားသူများ သတင်းမီဒီယာသမားများ အဖမ်းခံထောင်ဒဏ်ကျခံနေရတဲ့ကိစ္စ၊ ယခုနောက်ဆုံး သတင်းထောက်ကိုပါကြီး ရက်ရက်စက်စက် အသတ်ခံရတဲ့ကိစ္စတွေဟာ […]

Read more of this post