အရှင်စန္ဒိမာ (မွန်စိန်တောရ) - ဓါတ်ပုံနိုင်ငံရေး (မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၄ သမ္မတဦးသိန်းစိန်နဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ပွင့်ဆိုင်တွေ့ဆုံမှု သုံးလေးကြိမ်လောက် လုပ်ခဲ့ပေမယ့် ဘာမှအရာမထင်ခဲ့ဘဲ ဓါတ်ပုံကြော်ငြာပဲ ဖြစ်ခဲ့တယ်။ ယခု ၁၄ပွင့်ဆိုင်တွေ့ဆုံမှုဆိုတာလည်း ဓါတ်ပုံနိုင်ငံရေးပဲ ဖြစ်အုံးမှာပါ။ ပထမခြေလှမ်းပါ။ နောင်မှာ ဒီလို တွေ့ဆုံမှုတွေ ဆက်လုပ်သွားအုံးမယ်ဆိုတာကလည်း ကြိုးရှည်ရှည်လံပြီး အချိန်ဆွဲထားတဲ့သဘောပါ။ လက်ရှိနိုင်ငံရေးဖိနှိပ်မှု၊ လူမှုဘဝဆင်းရဲကြပ်တည်းမှု မြင့်မားလာနေတဲ့အချိန်မှာ အာရုံလွှဲ အပေါ်ယံဖြေလျှော့ပြ နိုင်ငံတကာအမြင်မှာ ဘက်ပေါင်းစုံပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံမှု ဆွေးနွေးညှိနှိုင်းအဖြေရှာမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်လို့ အကြောင်းပြစရာ ဆင်ခြေပေးစရာ ရှာတဲ့အနေနဲ့ ဒီ ၁၄ပွင့်ဆိုင်တွေ့ဆုံပွဲကို ထလုပ်လိုက်တာ မြင်သာလှတယ်။ လုံးဝမတွေ့တာထက် တွေ့တာကောင်းတယ်။ ယခု ပထမခြေလှမ်းသာ ဖြစ်တယ်။ နောင်ဒါမျိုး ဆက်လုပ်ဖို့ ရှိသေးတယ် စသည်ဖြင့် ရသေ့စိတ်ဖြေ မရေမရာ […]
Read more of this post
No comments:
Post a Comment