မောင်မောင်လတ် (ရွှေအင်းလေး စာပေ) - တပိုင်းတစ လွင့်မျောနေတဲ့ အိပ်မက်များ (ပေါ့ပေါ့ပါးပါး အမေရိကန် နိုင်ငံသား ခရီး) မိုးမခ၊ အောက်တိုဘာ ၂၂၊ ၂၀၁၄ လွမ်းရေး ဝမ်းရေးတွေ ပေးမန့်တွေ အလုပ်တွေနဲ့ ချောင်ပိတ်နေလတ္တံ၊ ချောင်ပိတ်နေဆဲ နိုင်ငံသား ဖြေခွင့် အင်တာဗျူးအတွက် လက်ဗွေ နဲ့ ဓါတ်ပုံ ရိုက်ဖို့ ချိန်းဆိုထားတဲ့ ဒီနေ့ ကိုတော့ လွမ်းရေးကို အသာထား ဝမ်းရေးကို ခဏမေ့၊ ပေးမန့်ကို ခဏနောက်ပို့ အလုပ်ကို ခဏ ဖယ်ထား မြို့ထဲကို တကိုယ်ရေ ထွက်လာ ခဲ့တာကိုက ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်းပါပဲ၊၊ အမြဲ လွမ်းနေလို့က သဘာဝမကျ၊ သမုဒ္ဒရာ ဝမ်းတထွာ ကလည်း အဓိက မဟုတ်၊ နောက်ကျ […]

Read more of this post