ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - နိုင်ငံရေးဝတ္ထု၏သဘောတရား (မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄ စာပေနယ်ပယ်တွင် ၀တ္ထုများကို အမျိုးအစားခွဲခြား၍ လေ့လာခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခု ကဲ့သို့ဖြစ်နေသည်။ ဥပမာ-အချစ်ဝတ္ထု၊ စုံထောက်ဝတ္ထု၊ ဘ၀သရုပ်ဖော်ဝတ္ထု၊ စွန့်စားခန်း၊ စိတ်ပိုင်းဆိုင်ရာ ၀တ္ထု - စသည်ဖြင့်ဖြစ်သည်။ အချို့သောစာပေပညာရှင်များ၊ စာပေဝေဖန်ရေးဆရာများက ဤကဲ့သို့ အမျိုးအစားခွဲခြားခြင်းကို အရေးပါလှသည်ဟုမယူဆပါ။ စာပေရှုထောင့်မှကြည့်လျှင်၊ ဤကဲ့သို့အမျိုးအစား ခွဲခြားထားခြင်းသည် အရေးပါသောခွဲခြမ်းစိတ်ဖြာမှုမဟုတ်ပါ။ ဤကဲ့သို့ အမျိုးအစားခွဲခြားထားခြင်းသည်  ၀တ္ထုတစ်ခုစီ၏ အဓိကအသားပေးသောအရာတစ်ခုကို ဖော်ပြခြင်းမျှသာဖြစ်သည်။ လွယ်ကူအောင်၊ ခေါ်လို့ လွယ်အောင်၊ အမည်တစ်ခုခုတပ်ပေးလိုက်ခြင်းမျှသာဖြစ်သည်ဟု စာပေဆရာ အာဘင်ဟိုး (Irving Hore) က ဟူ၏ ကျမ်းစာအုပ် Politics and the Novel (နိုင်ငံရေးနှင့်ဝတ္ထု) ထဲတွင် သူ၏အယူအဆကို ရေးသားထားသည်။ […]

Read more of this post