ကာတွန်းဘီရုမာ - စတိုင်ရှိမှ စတားဖြစ်တယ် (သူ့ဖေ့စ်ဘွတ်) နိုဝင်ဘာ ၁၁၊ ၂၀၁၄ ရန်ကုန်ယဉ်ကျေးမှုတက္ကသိုလ် စတက်တော့ လှိုင်ကအဆောင်နားက လူတွေက ကတတ်ပြီလားလို့ မေးကြတယ်။ `မဟုတ်ဘူး ကျနော် ပန်းချီတက်တာပါ´လို့ ဘယ်လောက်ပြောပြော လူတွေ့တာနဲ့ `မင်းသား တပုဒ်လောက် ကပြပါဦး´လို့ နှုတ်ဆက်ကြတာ။ ဟိုတလောက ကိုရီးယားမြေအောက်ရထားစီးတော့ အဲဒါသွားသတိရတယ်။ ထိုင်ခုံလေးရလို့ ဖုန်းနဲ့ game ဆော့နေတုန်း ဘေးနားက ဟားရားဘောဂျိတယောက်က `ဖုန်းနဲ့ TVဖမ်းကြည့်လို့ရတယ် ပြောတယ် ဟုတ်လား´တဲ့။ ဟုတ်..ရတော့ရတယ်၊ ကျနော်ကတော့ သိပ်မသိပါဘူး ဆိုတော့ `အဲဒါ ဘာလဲ´တဲ့။ TV မဟုတ်ပါဘူး game ဆော့နေတာပါဆိုတော့ ဖုန်းအကြောင်း အများကြီးထပ်မေးနေတယ်။ (အစက တခွန်းလောက် ဖြေလိုက်ရင် လေသံကြားတာနဲ့ ဪ..ဖော်ရိန်နာပဲ ဆိုပြီး ထပ်မမေးလောက်တော့ဘူး […]

Read more of this post