ဇာဝါရီ - နွှဲလိုက်ကြစို့ ပျော်ပျော်ပါးပါး (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၁၄ ရာသီအကူးအပြောင်း ဆောင်းဦးအကြိုကာလမှာ အမေရိကန်အရှေ့ ဘက်ခြမ်းတခွင်ရှိ သစ်ပင်သစ်ရွက်တွေ စိမ်းဝါနီ အရောင်ပြောင်းပြီး တဖြည်းဖြည်းနဲ့ ရွက်ဟောင်းတွေ ကြွေကျမြေခ ကွယ်ပျောက်သွားကြတော့မည်။ ကောင်ကင်တခွင်မှာလည်း မြူနှင်းတွေဝေကာ ငွေနှင်းပွင့်တွေလည်း မကြာခင် ရောက်ရှိလာတော့မည်။ ဒီလို လွမ်းမောဖွယ်ကောင်း ချမ်းစိမ့်စိမ့် အေးမြလှတဲ့ ဆောင်းရာသီကို မယ်ရီလန်၊ ဗားဂျီနီးယား၊ ဝါရှင်တန်ဒီစီ ပြည်နယ်တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာမိသားစုတွေ ကြိုဆိုရင် မြန်မာပြည် အလွမ်းပြေ ရိုးရာယဉ်ကျေးမှု ပဒေသာကပွဲတပွဲ ကျင်းပပြုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဒီလိုအချိန်ဆိုရင် မြန်မာပြည်မှာတော့ မြို့ ရွာရပ်ကွက်တွေမှာ တန်ဆောင်တိုင် ကပွဲခုန်ပွဲများကို စည်းကားသိုက်မြိုက်စွာ ကျင်းပကြတယ် မဟုတ်လား။ လာမယ့် စနေနေ့၊ နိုဝင်ဘာလ […]

Read more of this post