ဇာနီကြီး - မျက်နှာချင်းဆိုင်ကြတဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်၁၃ဦး၊ ထမင်းစားပွဲ (မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၄ အောက်တိုဘာ ၃၁ ရက် နံနက်က နေပြည်တော်ရှိ သမ္မတအိမ်တော် ငုရွှေဝါခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ တစ်ယောက်ကို ဆယ်မိနစ်စီ ပြောဆိုကြခြင်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အယ်ဒီအဖွဲ့က ကြီးလေးကြီး၊ လေးပွင့်ဆိုင် .တွေ့ဆုံစကားပြောခွင့် တောင်းဆိုခဲ့တာ ၁၂လ ကျော်လောက်ကြာမှ လူများစွာတွေ့ဆုံပွဲဖြစ်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြောဆိုချင်ပါတယ် ဆိုတဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်နဲ့ ခဏတွေ့ဆုံပြောခွင့်တော့ ရလိုက်ပါတယ် (ဓါတ်ပုံ)။   တွေ့ဆုံဆွေးနွေးပွဲကို  သမ္မတဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်(ဥက္ကဋ္ဌ၊ NLD ပါတီ)၊ သူရဦးရွှေမန်း(နာယက၊ ပြည်ထောင်စုလွှတ်တော်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ဦးခင်အောင်မြင့် (ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်)၊ […]

Read more of this post