ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအတွက် သုံးရောင်ခြယ်က တလပြည့် ဆွမ်းကပ် ဟန်သစ်နိုင်၊ မိုးမခ၊ နိုဝင်ဘာ ၄၊ ၂၀၁၄ သုံးရောင်ခြယ်အဖွဲ့ဝင်၊ အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး အသက် (၄၉) နှစ်အား သုံးရောင်ခြယ်မိသားစုမှ တစ်လပြည့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ၂၀၁၄ခုနှစ် နိုဝင်ဘာ၂ရက်နေ့ ရန်ကုန် လမ်းမတော်မြို့နယ် ပရိယတ္တိ (အလယ်တိုက်ကျောင်း) သရက်တော်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။ ABSDF ဥက္ကဌ ကိုသံခဲမှ ကိုပါကြီး၏ သဘောထားအမြင်များကိုပြောပြရာတွင် ကိုပါကြီးသည် ABSDF တပ်ဖွဲ့ဝင်မဟုတ်သော်လည်း လူထုဘက်မှအမြဲရပ်တည်သည့်သူ လွတ်လွတ်လပ်လပ်နေတတ်သည့်သူ အလွတ်သတင်းထောက်တစ်ဦးသာ ဖြစ်ကြောင်း၊ သူသည် လက်နက်ကိုင်ပြီးတိုက်ပွဲဝင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ မြို့ပြမှနိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်သည့်အတွက် မြို့ပြမှာ ရင်ဆိုင်ခဲ့ရသော ပြည်သူ့နစ်နာမှုများကို ဖော်ထုတ်ခြင်းသူဖြစ်ပြီး ဓာတ်ပုံရိုက်ခြင်း၊ မှတ်တမ်းတင်ခြင်းများကို ဝါသနာပါသူတစ်ဦးဖြစ်ကြောင်း၊ […]
Read more of this post
No comments:
Post a Comment